
Vibe Coding Course ဆိုတာ အခုနောက်ပိုင်း ခေတ်အစားဆုံးဖြစ်လာတဲ့ AI Tools တွေ (ဥပမာ - Cursor, ChatGPT, Copilot) ကို အသုံးပြုပြီး Code တွေကို ကိုယ်တိုင် အပင်ပန်းခံ ရိုက်နေစရာမလိုဘဲ AI ကို စကားပြောသလို ခိုင်းစေပြီး Application တွေ၊ Website တွေ အလွယ်တကူ ဖန်တီးတည်ဆောက်တဲ့ နည်းပညာကို အဓိက သင်ပေးမယ့် သင်တန်းလေးပါ။ ဒီသင်တန်းမှာဆိုရင် Programming Language တွေရဲ့ ရှုပ်ထွေးတဲ့ Syntax တွေကို အလွတ်ကျက်မှတ်နေစရာမလိုဘဲ၊ ကိုယ်ဖြစ်ချင်တဲ့ Idea ကို AI သေချာနားလည်အောင် ဘယ်လို မှန်မှန်ကန်ကန် Prompt ပေးရမလဲ၊ AI ထုတ်ပေးတဲ့ Code တွေကို ဘယ်လို ပြန်စစ်ဆေး (Debug) လုပ်ပြီး ကိုယ့် Project မှာ ချိတ်ဆက်အသုံးချရမလဲ ဆိုတာတွေကို လက်တွေ့ သင်ပေးသွားမှာ ဖြစ်လို့ Coding အခြေခံ သိပ်မရှိသေးတဲ့သူတွေရော၊ အချိန်တိုအတွင်းမှာ Project တွေကို အမြန်ပြီးစီးချင်တဲ့ Developer တွေအတွက်ပါ အရမ်းကို အဆင်ပြေပြီး လေ့လာသင့်တဲ့ သင်တန်းသစ်တစ်ခုပဲ ဖြစ်ပါတယ်။
- Teacher: Wai Phyo Aung AIT















































